စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ စနစ်သစ် Grade (12) အောင်မြင်ပြီးသူ၊ စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (G.T.H.S) အောင်မြင်သူများ လာရောက်လျှောက်ထားနိုင်ပါသည်။
Interview ဖြေဆိုရမည့်ရက် – (၇-၁၀-၂၀၂၄) မှ (၈-၁၀-၂၀၂၄)
ကျောင်းအပ်လက်ခံမည့်ရက် – (၁၄-၁၀-၂၀၂၄)
သင်တန်းဖွင့်လှစ်မည့်ရက် – ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်
လျှောက်ထားခြင်းကို (၂-၉-၂၀၂၄) ရက်နေ့မှ (၄-၁၀-၂၀၂၄) ရက်နေ့အထိ နံနက် (၉း၃၀)နာရီမှ ညနေ (၄း၀၀) အတွင်းလျှောက်ထားနိုင်ပါသည်။
နိုဝင်ဘာလတွင် ဖွင့်လှစ်မည့်သင်တန်းများ၏ လျှောက်လွှာလက်ခံမည့်ရက်အား (၂၅-၁၀-၂၀၂၄) ထိရက်တိုးသတ်မှတ်လိုက်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မှတ်ချက်။ အစိုးရရုံးပိတ်ရက်များပိတ်မည် ဖြစ်ပါသည်။
သင်တန်းနေရာ- SMVTI သက်မွေးပညာသင်တန်းကျောင်း၊ အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်စုံစမ်းရန်ဖုန်း ၀၉-၇၈၁၀၀၂၅၇၂
ဖွင့်လှစ်မည့်သင်တန်းများ
Courses for Engineering & Technology
1. Electrical Technology
2. Electronics (Computer & Networking)
3. Residential Air-conditioning
4. Mechatronics (Basic Servicing)
5. General Welding
Courses for Hospitality & Tourism
1. Front Office Operations
2. Housekeeping Operations
3. Restaurant Operations
လျှောက်ထားရာတွင် ပညာရေးအထောက်အထားမိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ပတ်(စ်)ပို့ဓါတ်ပုံ (၃)ပုံ၊ ရပ်ကွက်ထောက်ခံစာမူရင်း၊ ရဲစခန်းထောက်ခံစာမူရင်း တို့နှင့်အတူ ပူးတွဲလျှောက်ထားရမည် ဖြစ်ပါသည်။
လျှောက်ထားသည့်အချိန်တွင် ပညာရေးအထောက်အထားမူရင်း၊ အမှတ်စာရင်းမူရင်းတို့အား (တိုက်ဆိုင်စစ်ဆေးရန်အတွက်) တစ်ပါတည်း တင်ပြနိုင်ရမည်။