နောက်ခံသမိုင်းကြောင်း

စက်မှုလက်မှုအထက်တန်းကျောင်း အမှတ်(၁)ကို ၁၉၅၄ ခုနှစ် ဇွန်လ၊ ၈ရက်နေ့၌ အုတ်မြစ်ချကာ ၁၉၅၆ခုနှစ်၊ ဇူလိုင်လ၊ ၁၆ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အရှေ့တောင်အာရှ၏ ပထမဦးဆုံး Polytechnic High School ဖြစ်ခဲ့ပါသည်။ အစဥ်အလာကြီးမားခဲ့သော နတ်မောက် စက်မှုလက်မှုအထက်တန်းကျောင်းကြီးကို စင်ကာပူအစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တို့ပူးပေါင်းပြီး SMVTI သက်မွေးပညာသင်တန်းကျောင်းအဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁၆ရက်နေ့တွင် School of Hospitality သင်တန်းနှင့် နိုဝင်ဘာလတွင် School of Engineering သင်တန်း တို့ကိုစတင်ဖွင့်လှစ်ခဲ့ပြီး SMVTI သက်မွေးပညာသင်တန်းကျောင်း၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

ရည်မှန်းချက်

သက်မွေးပညာရပ်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များအား အထောက်အကူပြုနိုင်စေရန် လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများအဖြစ် မွေးထုတ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအား လေ့ကျင့်သင်ကြားပေးနိုင်ရန်

မျှော်မှန်းချက်

နိုင်ငံတကာစျေးကွက်နှင့် ယှဥ်ပြိုင်လာနိုင်မည့် သက်မွေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်လုပ်သား လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန်

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သောကာလ
ဒေါက်တာမျိုးသီတာPh.D (IT)၂၀၁၅ မှ ၂၀၁၆ ထိ
ဒေါက်တာကျော်ခိုင်ခိုင်အောင်Ph.D (IT)၂၀၁၇
ဒေါက်တာသိန်းသိန်းအေးPh.D (IT)၂၀၁၈ မှ ယနေ့ထိ