ပုံမှန်သင်တန်းများ

ကျောင်းဝင်ခွင့်သတ်မှတ်ချက်များနှင့် ဝင်ခွင့်လျှောက်ထားရန် လိုအပ်ချက်များ

(၁) စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ စနစ်သစ် Grade (12) အောင်မြင်ပြီးသူ၊ စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (G.T.H.S) အောင်မြင်သူများ လာရောက်လျှောက်ထားနိုင်ပါသည်။

(၂) သင်တန်းကာလ(၆)လကို ပြီးဆုံးသည်အထိ တက်ရောက်ရမည်ဖြစ်ပြီး အောင်မြင်ပါက သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု အောင်လက်မှတ် (Certificate) ရရှိပါမည်။

(၃) ခေတ်မီ Lab ပစ္စည်းများ အသုံးပြု၍ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးပါမည်။

(၄) Engineering & Technology နှင့် Hospitality & Tourism ဘာသာရပ်များအတွက် လုပ်ငန်းခွင်ကျွမ်းကျင်သော သင်တန်းသား၊ သင်တန်းသူများ မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။

(၅) နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းများ၊ စက်ရုံများ၊ ကုမ္ပဏီများ၊ ဟိုတယ်များသို့ ကွင်းဆင်းဆောင်ရွက်ရန်နှင့် သင်တန်းပြီးဆုံးပါက သက်ဆိုင်သောလုပ်ငန်းခွင်သို့ ဝင်နိုင်မည့် သင်တန်းသား/သူများကို ဦးစားပေးပါမည်။

(၆) လျှောက်ထားသူများ Interview ဖြေဆိုရပါမည်။

(၇)  ပတ်(စ်)ပို့ဓါတ်ပုံ(၃)ပုံ ယူဆောင်လာရပါမည်။

(၈) ရပ်ကွက် ထောက်ခံစာ မူရင်း နှင့် ရဲစခန်းထောက်ခံစာ မူရင်း

(၉) မှတ်ပုံတင် မိတ္တူ ယူဆောင်လာရပါမည်။

စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း သို့တက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များအတိုင်း လိုက်နာရမည်။

၁။ ကျောင်းခေါ်ချိန် ၉၅%  ပြည့်မှသာ စာမေးပွဲ ဖြေဆို ရပါမည်။

၂။ ကျောင်းဝင်းအတွင်း ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာစားခြင်း၊ အမှိုက်များကို စည်းကမ်းမဲ့ပစ်ခြင်း မပြုလုပ်ရပါ။

၃။ ကျောင်းပိုင်ပစ္စည်းအားလုံးကို ပျက်စီးအောင် ဖျက်စီးခြင်း (လုံးဝ) မပြုလုပ်ရ။

ကာလတိုသင်တန်းများ

ကျောင်းဝင်ခွင့်သတ်မှတ်ချက်များနှင့် ဝင်ခွင့်လျှောက်ထားရန် လိုအပ်ချက်များ

(၁) ၈ တန်းအောင် ကျောင်းသားကျောင်းသူများ လျှောက်ထားနိုင်သည်။

(၂) သင်တန်းကာလ(၂)ပတ်ကို ပြီးဆုံးသည်အထိ တက်ရောက်ရမည်ဖြစ်ပြီး အောင်မြင်ပါက သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု အောင်လက်မှတ် (Certificate) ရရှိပါမည်။

(၃) ခေတ်မီ Lab ပစ္စည်းများ အသုံးပြု၍ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးပါမည်။

(၄) Engineering & Technology နှင့် Hospitality & Tourism ဘာသာရပ်များအတွက် လုပ်ငန်းခွင်ကျွမ်းကျင်သော သင်တန်းသား၊ သင်တန်းသူများ မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။

(၅) နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းများ၊ စက်ရုံများ၊ ကုမ္ပဏီများ၊ ဟိုတယ်များသို့ ကွင်းဆင်းဆောင်ရွက်ရန်နှင့် သင်တန်းပြီးဆုံးပါက သက်ဆိုင်သောလုပ်ငန်းခွင်သို့ ဝင်နိုင်မည့် သင်တန်းသား/သူများကို ဦးစားပေးပါမည်။

(၆) လျှောက်ထားသူများ Interview ဖြေဆိုရပါမည်။

(၇) ပတ်(စ်)ပို့ဓါတ်ပုံ(၃)ပုံ ယူဆောင်လာရပါမည်။

(၈) ရပ်ကွက်ထောက်ခံစာ မူရင်း နှင့် ရဲစခန်း ထောက်ခံစာ မူရင်း

(၉) မှတ်ပုံတင် မိတ္တူ ယူဆောင်လာရပါမည်။

စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း သို့တက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များအတိုင်း လိုက်နာရမည်။

၁။ အနည်းဆုံး ကျောင်းခေါ်ချိန် ၉၅% ဖြစ်ပါသည်။