အထွေထွေဂဟေဆက်ခြင်းသင်တန်းတွင် SMAW၊ GMAW၊ GTAW နှင့် FCAW စသည့်ဂဟေဆက်ခြင်းအမျိုးအစားများကို အသုံးပြု၍ 3G (pipe, plate) အနေအထားအထိ ဂဟေဆက်ခြင်းနည်းပညာများကို စာတွေ့ လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်အောင် သင်ကြားပေးပါသည်။

- Shielded Metal Arc Welding I
- Shielded Metal Arc Welding II
- Gas Metal Arc Welding and Gas Metal Tungsten Arc Welding
- Flux-Cored Arc Welding
ပေးအပ်မည့် Certificate
သင်တန်းအောင်မြင်ပြီးစီးကြောင်း Certificate
ကျောင်းဝင်ခွင့်သတ်မှတ်ချက်
စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ စနစ်သစ် Grade (12) အောင်မြင်ပြီးသူ၊ စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (G.T.H.S) အောင်မြင်သူများ လာရောက်လျှောက်ထားနိုင်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်း
သင်တန်းပြီးမြောက်သည့်နောက် တိုးတက်လာသော နည်းပညာသစ်များနှင့် အညီ တည်ဆောက်ထားသော စက်ရုံ အလုပ် ရုံ များတွင် welding အပိုင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်လာနိုင်သောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည့် အကျိုးကျေးဇူးများကိုရရှိစေပါမည်။