လျှပ်စစ်နည်းပညာသင်တန်း

မီးလုံး၊ မီးချောင်းအမျိုးမျိုး၊ ဝါယာကြိုးအမျိုးမျိုး တပ်ဆင်အသုံးပြုပုံ ၊ အိမ်တွင်းမီးလိုင်းများတပ်ဆင်ပုံ၊ မီးပူ၊ ပေါင်းအိုး ၊ ပန်ကာ၊ လျှပ်စစ်မီးဖို၊ လျှပ်စစ်မော်တာများအကြောင်းနှင့် ပြုပြင်ပုံ၊ လျှပ်စစ်ဆိုင်ရာ ကိရိယာ အမျိုးမျိုး၊ မီတာအမျိုးမျိုးတို့ကို ကိုင်တွယ်သုံးစွဲနည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိပါသည်။

  1. Electrical Principles
  2. Electrical Installations
  3. Electronics Principles and Applications
  4. Electrical Appliances and Special Installations

သင်တန်းအောင်မြင်ပြီးစီးကြောင်း Certificate

စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ စနစ်သစ် Grade (12) အောင်မြင်ပြီးသူ၊ စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (G.T.H.S) အောင်မြင်သူများ လာရောက်လျှောက်ထားနိုင်ပါသည်။

သင်တန်းပြီးမြောက်သည့်နောက် တိုးတက်လာသော နည်းပညာသစ်များနှင့် အညီ တည်ဆောက်ထားသော စက်ရုံ အလုပ်ရုံ များတွင် wiring installation အပိုင်း၊ Industrial motor control အပိုင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်လာနိုင်‌သောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည့် အကျိုးကျေးဇူးများကိုရရှိစေပါမည်။