(၁) စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ စနစ်သစ် Grade (12) အောင်မြင်ပြီးသူ၊ စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (G.T.H.S) အောင်မြင်သူများ လာရောက်လျှောက်ထားနိုင်ပြီး အသက် ၁၇ နှစ် ပြည့်ပြီးသူ ဖြစ်ရပါမည်။
(၂) သင်တန်းကာလ(၆)လကို ပြီးဆုံးသည်အထိ တက်ရောက်ရမည်ဖြစ်ပြီး အောင်မြင်ပါက သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု အောင်လက်မှတ် (Certificate) ရရှိပါမည်။
(၃) ခေတ်မီ Lab ပစ္စည်းများ အသုံးပြု၍ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးပါမည်။
(၄) Engineering & Technology နှင့် Hospitality & Tourism ဘာသာရပ်များအတွက် လုပ်ငန်းခွင်ကျွမ်းကျင်သော သင်တန်းသား၊ သင်တန်းသူများ မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။
(၅) နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းများ၊ စက်ရုံများ၊ ကုမ္ပဏီများ၊ ဟိုတယ်များသို့ ကွင်းဆင်းဆောင်ရွက်ရန်နှင့် သင်တန်းပြီးဆုံးပါက သက်ဆိုင်သောလုပ်ငန်းခွင်သို့ ဝင်နိုင်မည့် သင်တန်းသား/သူများကို ဦးစားပေးပါမည်။
(၆) လျှောက်ထားရာတွင် ပညာရေးအထောက်အထားမိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ပတ်(စ်)ပို့ဓာတ်ပုံ (၃) ပုံ၊ ရပ်ကွက် ထောက်ခံစာ မူရင်း နှင့် ရဲစခန်းထောက်ခံစာ မူရင်းတို့နှင့်အတူ ပူးတွဲလျှောက်ထားရမည်ဖြစ်ပါသည်။
(၇) လျှောက်ထားသည့်အချိန်တွင် ပညာရေးအထောက်အထားမူရင်း၊ အမှတ်စာရင်းမူရင်း၊ မှတ်ပုံတင်မူရင်း တို့အား တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်ပါတည်းတင်ပြနိုင်ရမည်။
(၈) လျှောက်ထားသူများ Interview ဖြေဆိုရပါမည်။

ဖွင့်လှစ်မည့်သင်တန်းများ
Courses for Engineering & Technology (14th Batch)
1. Electrical Technology
2. Electronics (Computer & Networking)
3. Residential Air-conditioning
4. Mechatronics (Basic Servicing)
5. General Welding

Courses for Hospitality & Tourism (15th Batch)
1. Front Office Operations
2. Housekeeping Operations
3. Restaurant Operations

သင်တန်းဖွင့်လှစ်မည့်ရက် – ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်
လျှောက်ထားခြင်းကို (၁-၉-၂၀၂၅) ရက်နေ့မှ (၃၁-၁ဝ-၂၀၂၅) ရက်နေ့အထိ နံနက် (၉း၃၀)နာရီမှ ညနေ (၄း၀၀) နာရီအတွင်း လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။ အစိုးရရုံးပိတ်ရက်များပိတ်မည် ဖြစ်ပါသည်။
သင်တန်းနေရာ- စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း၊ အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်စုံစမ်းရန်ဖုန်း ၀၉-၇၈၁၀၀၂၅၇၂

4 thoughts on “သင်တန်းသားသစ်များ ခေါ်ယူခြင်း

Leave a Reply to admin Cancel reply

Your email address will not be published. Required fields are marked *