ဤသင်တန်းတွင် အိမ်သုံးလေအေးပေးစက်များကို  ထုတ်လုပ်သူတို့၏ သတ်မှတ်ချက်များ၊  အကြံပြုချက်များနှင့်အညီ   တပ်ဆင်ခြင်း၊    ပြစ်ချက်ရှာဖွေခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို  သိရှိနားလည်ပြီး ကျွမ်းကျင်စွာ လုပ်ဆောင်တတ်စေရန်၊  လေအေးပေးစက်တွင်  အသုံးပြုသောဓာတ်ငွေ့၊  လျှပ်စစ်၊   ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေးဆိုင်ရာ  အကြောင်းအရာများကို သိရှိလိုက်နာနိုင်စေရန်၊ လေအေးပေးစက်စနစ်ကို  စိတ်ချလက်ချဖြင့်   အဆင်ပြေကောင်းမွန်စွာ  လည်ပတ်လုပ်ဆောင်နိုင်ရန်အတွက်  သိသင့်သိထိုက်သည့် စည်းစနစ် များကို  တတ်ကျွမ်းနားလည်စေရန် သင်ကြားပေးပါသည်။

  1. Air-Conditioning Wiring
  2. Air-Conditioning Controls
  3. Unitary Air-Conditioning System
  4. Split Air-Conditioning System

သင်တန်းအောင်မြင်ပြီးစီးကြောင်း Certificate

စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ စနစ်သစ် Grade (12) အောင်မြင်ပြီးသူ၊ စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (G.T.H.S) အောင်မြင်သူများ လာရောက်လျှောက်ထားနိုင်ပါသည်။

သင်တန်းပြီးမြောက်သည့်နောက် တိုးတက်လာသော နည်းပညာသစ်များနှင့် အညီ တည်ဆောက်ထားသော စက်ရုံ အလုပ်ရုံများတွင် wiring installation အပိုင်း၊ Industrial motor control အပိုင်းနှင့် Air-Con Installation အပိုင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်လာနိုင်‌သောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည့် အကျိုးကျေးဇူးများကိုရရှိစေပါမည်။