စဉ် | အမည် | ရာထူး | ဌာန |
---|---|---|---|
၁ | ဒေါက်တာသိန်းသိန်းအေး | ညွှန်ကြားရေးမှူး | ကျောင်းအုပ်ကြီး |
၂ | ဒေါ်ပြုံးပြုံးဝင်း | ညွှန်ကြားရေးမှူး | ဒုတိယကျောင်းအုပ်ကြီး |
ဌာနများ
ဝန်ထမ်းရေးရာဌာနခွဲ၏ လုပ်ငန်းတာဝန်များမှာ ဝန်ထမ်းများကို ရွှေးချယ်ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားပေးခြင်း၊ နှုတ်ထွက်ခွင့်ပေးခြင်း၊ အပြစ်ပေးအရေးယူခြင်းစသည့် ဝန်ထမ်းရေးရာကိစ္စအဝဝကို ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ၏ အပြစ်ပေးအရေးယူခြင်းစသည့် ဝန်ထမ်းရေးရာကိစ္စအဝဝကို ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ ကိုယ်ရေးမှတ်တမ်းများကို စနစ်တကျ ပြုစုထိန်းသိမ်းခြင်း၊ ဝန်ထမ်းလချုပ်ပြုစုခြင်း၊ ဦးစီးဌာနမှ တောင်းသော စာရင်းများကို အချိန်မီပေးပို့နိုင်ရန် ဆောင်ရွက်ခြင်း၊ သင်တန်းစေလွှတ်ရေးကိစ္စများ ဆောင်ရွက်ခြင်း၊ ဝန်ထမ်းဆိုင်ရာအချက်အလက်များ မှန်ကန်စေရန် ကွန်ပျူတာဖြင့် စာရင်းပြုစု၍ Update လုပ်နေခြင်းတို့ဖြစ်ပါသည်။
စဉ် | အမည် | ရာထူး | ဌာန |
---|---|---|---|
၁ | ဒေါ်မြသီတာ | ဦးစီးအရာရှိ | ဝထ |
ကျောင်းသားရေးရာဌာနခွဲ၏ တာဝန်ဝတ္တရားများမှာ ကျောင်းဝင်ခွင့်လျှောက်လွှာများကို စိစစ်လက်ခံခြင်း၊ ဝင်ခွင့်မှတ်ပုံတင်အမှတ်များ သတ်မှတ်ထုတ်ပေးခြင်း ခုံအမှတ်စာရင်းများ ပြုစုထုတ်ပြန် ကြေငြာခြင်း နှင့် သင်တန်းမှ နုတ်ထွက်ခွင့်များကို စိစစ် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားဖြစ်မှု စိစစ်ခြင်း၊ ကျောင်းသားမှတ်ပုံတင်ကတ်ပြားများ စိစစ်ထုတ်ပေးခြင်း၊ ကျောင်းသားကိုယ်ရေးမှတ်တမ်းများ ပြုစုထိန်းသိမ်းခြင်း၊ ပညာသင်ထောက်ပံ့ကြေး၊ သုတေသနထောက်ပံ့ကြေး၊ နယ်မြေငြိမ်းချမ်း သာယာရေးနှင့် ကျောင်းသားများစည်းကမ်းရှိရေးအတွက် နယ်မြေဌာန၊ ဘာသာရပ်ဌာနများနှင့် ပူးပေါင်း၍ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဦးစီးဌာနမှ တောင်းခံသည့် ကျောင်းသားစာရင်းများကို အချိန်မှီပေးပို့နိုင်အောင် ကွန်ပျူတာဖြင့်စာရင်းပြုစု၍ အစဉ် Update လုပ်နေခြင်းတို့ဖြစ်ပါသည်။
စဉ် | အမည် | ရာထူး | ဌာန |
---|---|---|---|
၁ | ဒေါ်မေနွယ်သိန်း | ရုံးအုပ် | ကသ |
၂ | ဒေါ်ခင်လေးသန်း | အငယ်တန်းစာရေး | ကသ |
ငွေစာရင်းဌာနခွဲ၏လုပ်ငန်းတာဝန်များမှာ ရသုံးမှန်းခြေစာရင်းများရေးဆွဲခြင်း၊ ရငွေသုံးငွေများကို ငွေစာရင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်သုံးစွဲခြင်း၊ လချုပ်နှစ်ချုပ်စာရင်းပြုစုခြင်း၊ ဌာနတွင်းနှင့် ဒေသစာရင်းစစ်ရုံးမှ စစ်ဆေးရန်အတွက် ပြင်ဆင်ရှင်းလင်းခြင်း၊ ဝင်ငွေခွန်၊ အိမ်လခ၊ အသက်အာမခံကြေး၊ သက်သာကြေး၊ အစရှိသည်တို့ကို လစာငွေမှ ဖြတ်တောက်ရယူပေးသွင်းခြင်းနှင့် လွဲပြောင်းပေးခြင်းစာရင်းများ စနစ်တကျ ပြုစုခြင်းတို့ဖြစ်ပါသည်။
စဉ် | အမည် | ရာထူး | ဌာန |
---|---|---|---|
၁ | ဒေါ်စန်းနုတင် | ဦးစီးအရာရှိ | ငွေစာရင်း |
နယ်မြေအထွေထွေဌာန၏ လုပ်ငန်းတာဝန်များမှာ ဝင်းခြံ၊ အဆောက်အုံ၊ လမ်းတို့၏ မြို့ပြဆိုင်ရာ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို စီမံကိန်းရေးဆွဲတင်ပြအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိမ်းလန်းစိုပြေရေး လုပ်ငန်းများအတွက် လိုအပ်သလိုဆောင်ရွက်ခြင်း၊ လျှပ်စစ်မီး အဆက်မပြတ်ရရှိရေးအတွက် လျှပ်စစ်ဓါတ်အားရုံများ၊ လျှပ်စစ်ဓါတ်အားလိုင်းများကို ကြီးကြပ်၍ ဓါတ်အားဖြန့်ဝေခြင်း၊ အဆောက်အအုံများ၏ အတွင်းအပြင် လျှပ်စစ်ဆိုင်ရာပြင်ဆင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခြင်း၊ အရေးပေါ် လျှပ်စစ်ပြင်ဆင်ရေးအတွက် တာဝန်ချထားဆောင်ရွက်ခြင်း၊ လျှပ်စစ်အန္တရာယ်မရှိစေအောင် ကြိုတင်ကာကွယ်မှုများ စီမံဆောင်ရွက်ခြင်း၊ ရုံးသုံးစက်ပစ္စည်းများအား စာရင်းပြုစုမှတ်တမ်းတင်ထားရှိခြင်း၊ ပုံမှန်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ကွန်ပျူတာ၊ ပရင်တာ စသည့် ရုံးသုံးစက်ပစ္စည်းကိရိယာများပြုပြင်ရန် လိုအပ်ပါက ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ရုံးသုံးစက်ပစ္စည်းများ ကိရိယာများ ပြုပြင်ရန်လိုအပ်ပါက ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ရုံးသုံးစက်ပစ္စည်းများ ဖြည့်ဆည်းရေးအတွက် ကြိုတင်တွက်ချက် စာရင်းပြုစတင်ပြုခြင်း၊ ရုံးသုံးစက်ပစ္စည်း ချို့ယွင်းမှုကြောင့် လုပ်ငန်းများလည်ပတ်မှုမရပ်ဆိုင်းစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။
စဉ် | အမည် | ရာထူး | ဌာန |
---|---|---|---|
၁ | ဦးတင်လင်းအောင် | လုံခြုံရေး | နယ်မြေ |
၂ | ဦးမျိုးမြင့်ထွန်း | လုံခြုံရေး | နယ်မြေ |
၃ | ဦးနိုင်လင်းအောင် | ယာဉ်မောင်း-၅ | နယ်မြေ |
၄ | ဒေါ်တင်မာခိုင် | သန့်ရှင်းရေး | နယ်မြေ |
၅ | ဒေါ်ညွန့်ညွန့်ဝင်း | သန့်ရှင်းရေး | နယ်မြေ |
၆ | ဒေါ်သန်းသန်းဝင်း | သန့်ရှင်းရေး | နယ်မြေ |
၇ | ဒေါ်ခင်မိုးမြင့် | သန့်ရှင်းရေး | နယ်မြေ |
စာကြည့်တိုက်ဌာနခွဲ၏ လုပ်ငန်းတာဝန်များမှာ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန်နှင့် သုတေသနလုပ်ငန်းများအတွက် ကိုးကားအသုံးပြုရန် လိုအပ်သော စာအုပ်များ ဝယ်ယူစုဆောင်းခြင်း၊ မှတ်ပုံတင်ခြင်း၊ စနစ်တကျထိန်းသိမ်းထားရှိခြင်း၊ စာအုပ်များ ဌားရမ်းထုတ်ပေးခြင်း၊ ပျက်စီးဆုံးရှုံးသည့်စာအုပ်များကို စာရင်းမှ ပယ်ဖျက်ရန် တင်ပြခြင်း၊ ကျောင်းသားများ စာကြည့်တိုက်တွင် လာရောက်ဖတ်ရှုလေ့လာနိုင်အောင် နေရာ၊ ပရိဘောဂစီစဉ်ထားရှိခြင်းတို့ ဖြစ်ပါသည်။
စဉ် | အမည် | ရာထူး | ဌာန |
---|---|---|---|
၁ | ဒေါ်အေမီကိုကို | နေ့စား | စာကြည့်တိုက် |