မက်ကထရောနစ်နည်းပညာသင်တန်း
ဤ Mechatronics (Basic Servicing) သင်တန်းသည် ကျောင်းသားများအား စက်မှုလုပ်ငန်းသုံး အလိုအလျောက်ထုတ်လုပ်သည့် စက်ကိရိယာများနှင့် စနစ်များကို တပ်ဆင်ခြင်း၊ သတ်မှတ်ခြင်း၊ လည်ပတ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းအတွက် ကျွမ်းကျင်မှုနှင့် အသိပညာများကို ပေးပါသည်။

- CAD and Mechanical Technology
- Electrical Installation
- Pneumatics
- Electronics
ပေးအပ်မည့်certificate
သင်တန်းအောင်မြင်ပြီးစီးကြောင်း Certificate
ကျောင်းဝင်ခွင့်သတ်မှတ်ချက်
စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ စနစ်သစ် Grade (12) အောင်မြင်ပြီးသူ၊ စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (G.T.H.S) အောင်မြင်သူများ လာရောက်လျှောက်ထားနိုင်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်း
သင်တန်းပြီးမြောက်သည့်နောက် တိုးတက်လာသော နည်းပညာသစ်များနှင့် အညီ တည်ဆောက်ထားသော စက်ရုံအလုပ်ရုံ များတွင် wiring installation အပိုင်း၊ Mechanics နှင့် Pneumatics အပိုင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်လာနိုင်သောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည့် အကျိုးကျေးဇူးများကိုရရှိစေပါမည်