ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန
စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း(ရန်ကုန်)
ဝင်ခွင့်အောင်မြင်ခဲ့ပြီးသော အပတ်စဉ်(၁၀) Hospitality & Tourism သင်တန်းသား/သူများအားခေါ်ယူခြင်း
၂၀၂၀ပြည့်နှစ်၊မတ်လ(၁၈)ရက်နေ့တွင် ဝင်ခွင့်အောင်မြင်ခဲ့ပြီး (၂၃-၃-၂၀၂၀) တွင် ခေတ္တရပ်နားခဲ့ရသော Hospitality & Tourism သင်တန်း အပတ်စဉ် (၁၀) သင်တန်းသား၊သင်တန်းသူများ၏ ကျောင်းအပ်လက်ခံခြင်းအား အောက်ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဖွင့်လှစ်မည့်သင်တန်းများ
Courses for Hospitality & Tourism
1. Front Office Operations
2. Housekeeping Operations
3. Restaurant Operations
မှတ်ချက်။ Retail Operations သင်တန်းကို ဝင်ခွင့်ရခဲ့ပြီးသော သင်တန်းသား၊သင်တန်းသူများသည် Front Office Operations, Housekeeping Operations, Restaurant Operations သင်တန်းများကို ဦးစားပေးအစီအစဉ်ဖြင့် SMVTI ကျောင်း၏ စီမံဌာနတွင် (၆-၃-၂၀၂၃) ရက်နေ့မှ (၁၀-၃-၂၀၂၃) ရက်နေ့ထိ နောက်ဆုံးထား ပြန်လည်လျှောက်ထားနိုင်ပြီး၊ (၁၃-၃-၂၀၂၃)ရက်နေ့တွင် Interview ပြန်လည်ဖြေဆိုရပါမည်။
သင်တန်းဖွင့်လှစ်မည့်ရက်- ၂၀၂၃ ခုနှစ်၊ မေလ (၂)ရက်
သင်တန်းနေရာ- စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း
လိပ်စာ- အမှတ်၊၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဆက်သွယ်စုံစမ်းရန်ဖုန်း- ၀၉-၇၈၁၀၀၂၅၇၂
RSO & RTO သင်တန်းဌာန -၀၉-၇၈၇၂၆၃၈၀၉
FOO & HSO သင်တန်းဌာန-၀၉-၉၆၆၉၄၉၇၈၂
Hospitality & Tourism သင်တန်း အပတ်စဉ်(၁၀) သင်တန်းသား၊ သင်တန်းသူများလက်ခံမည့်ရက် (၁၅-၃-၂၀၂၃) ရက်နေ့မှ (၁၇-၃-၂၀၂၃) ရက်နေ့ထိ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး၊ ကျောင်းအပ်လက်ခံရာတွင် မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာမူရင်း၊ ပတ်(စ်)ပို့ ဓါတ်ပုံ(၁)ပုံ ယူဆောင်လာရမည်။ (မှတ်ချက်။ အစိုးရရုံးပိတ်ရက်များ ပိတ်မည်ဖြစ်ပါသည်။)